• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

** Pokemon : The First Movie (1998) **




ပိုကီမွန်​လို့​ခေါ်တဲ့ ချစ်​စရာအ​ကောင်​​လေး​တွေဟာ Animie ပုံစံနဲ့ ပိတ်​ကား​ပေါ်ကို ​ရောက်​ရှိလာခဲ့ပြီးနောက်ပိုင်း  ​ဗီဒီယိုဂိမ်း၊ တီ​ဗွီကာတွန်း နဲ့ ကာတွန်းစာအုပ်​​တွေအပြင်​ အရုပ်​​လေး​တွေထုတ်​လုပ်​​ရောင်းချရသည်​အထိ လူကြိုက်​များလာခဲ့ပါတယ်။
IMDbမှာလည်း 5.9 ရရှိထားပါတယ်။

စိတ်​ကူးယဉ်​ဆန်​တဲ့ တခြား​သောစကြဝဋ္ဌာကြီးထဲမှာ ပိုကီမွန်​အမျိုး​ပေါင်း ၁၅၁မျိုးရှိပြီး တစ်​​ကောင်​ချင်းစီမှာ သူမတူတဲ့ စွမ်းရည်​ကိုယ်​စီရှိကြပါတယ်​။

လူသား​တွေဟာ ပိုကီမွန်​​တွေကိုဖမ်းပြီး ​လေ့ကျင့်​​ပေးကြပါတယ်​။ ထိပ်​တန်း​လေ့ကျင့်​​ပေးသူ​တွေဟာ ပိုကီမွန်​အချင်းချင်းဖမ်းပြီး ဘယ်​လို​လေ့ကျင့်​​ပေးရမလဲဆိုတာကိုပါ သင်​​ပေးနိုင်​ကြလို့ ပိုကီမွန်​သခင်​​တွေ ဖြစ်​လာကြပါတယ်

ပိုကီမွန်​သခင်​​တွေထဲမှာ အက်​ရှ်​ ကက်​ချန်​ ဟာလည်း တစ်​​ယောက်​အပါအဝင်​ဖြစ်​ပါတယ်​။ သူ့သူငယ်​ချင်း မစ်​စတီ၊ ဘရွက်​တို့နဲ့အတူ ဇီဝနည်းပညာအရလူသား​တွေဖန်​တီးလိုက်​တဲ့ မြူ နှစ်​လို့​ခေါ်တဲ့ စွမ်းအားကြီိးမားတဲ့ ပိုကီမွန်​ နဲ့​တွေ့ဆုံခဲ့ကြပါတယ်​။

ပုံတူပွားခြင်းခံခဲ့ရ​ပေမယ့်​ မူရင်း​တွေထက်​ သာလွန်​​ကြောင်းပြချင်​တဲ့ မြူ နှစ်​နဲ့ အက်​ရှ်​တို့ရဲ့ သူမတူတဲ့ပိုကီမွန်​ တိုက်​ပွဲမှာ ဘယ်​သူက အနိုင်​ရရှိမလဲဆိုတာ Pokemon: The First Movie မှာ ကြည့်​ရှုခံစားလိုက်​ပါ။

(အညွှန်းနဲ့ဘာသာပြန်ကို Nyein Thiri Lwin ရေးပေးထားပါတယ် )

Download Link >>> http://adf.ly/1dtwFs (350mb)

** The Secret Life of Pets(2016) **

ကျွန်တော်တို့ ခင်ဗျားတို့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူတို့ချည်းပဲ ထားခဲ့ရပြီဆို သူတို့ ဘာလုပ်နေကြမယ် ထင်ပါသလဲ? သူတို့ အချင်းချင်းရော ဘာတွေကြံစည်တွေးတော နေကြမယ်ထင်ပါသလဲ? အဲဒီအကြောင်းတွေကို ဒီ Animation လေးထဲမှာ ကြည့်ကြပါစို့။ IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိ အောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့…..
Jack Russell Terrier အမျိုးအစား ခွေးလေး Max ဟာ သူ့သခင်မလေး ကေတီနဲ့အတူ မန်ဟက်တန်မြို့မှာ ပျော်ရွှင်စွာ နေထိုင်နေရင်း တစ်နေ့မှာ ကေတီဟာ ပိုင်ရှင်မဲ့ခွေးလေး Duke ကိုပါ အိမ်ကိုခေါ်လာတဲ့အခါ…..သူတို့ ၂ ကောင် ရန်ဖြစ်ရာကနေ လူတွေရဲ့စွန့်ပစ်ခံ မြေအောက်အိမ်မွေးတိရစ္ဆာန်ဂိုဏ်းကြီးနဲ့ သူတို့ရဲ့ ခေါင်းဆောင် Snowball နဲ့ တွေ့ဆုံရင်း ပြဿနာတွေ အကြီးအကျယ် တက်လာပြီး…..အဲဒီအချိန်မှာပဲ Max ကို crush နေတဲ့ အဖြူရောင်Pomeranian ခွေးမလေး Gidget ကလည်း Max ရဲ့ ဘော်ဒါတွေကို စုစည်းပြီး လိုက်ကယ်ဖို့ ချီတက်လာတဲ့အခါမှာတော့…

 File Size       : 610/350 Mb
Duration      : 1 hr 26 min
Quality         : HDrip
Translators  : Ye Kyaw Htet + Pann Phyu Phway
Encoder        : Senior Kaung

Download Link >>> http://adf.ly/1dtAkz (610mb)
                                http://adf.ly/1dtAwm (350mb)

Credit to - Channel Myanmar
                                

** Ice Age : Collision Course(2016) **


နောက်ဆုံးထွက် Ice Age ကို တင်ပေးထားပါတယ်။ ဒီတစ်ခေါက်ဇာတ်လမ်းမှာတော့ ၀က်သစ်ချသီးကို စွဲလန်းနေတဲ့ Scrat ဟာ မတော်တဆ အာကာသယာဉ်တစ်ခုကို စက်နှိုးမိပြီး ကမ္ဘာ့အပြင်ဘက်ကိုရောက်သွားကာ ဂြိုလ်တစ်ချို့ကို ဖျက်စီးမိပြီး ဥက္ကာခဲကြီးတွေကို ကမ္ဘာမြေပေါ်ကို ကျလာစေခဲ့ပါပြီ။ မန်နီ နဲ့ အယ်လီတို့ လင်မယားဟာ သမီးဖြစ်သူ ပိချက်စ် နဲ့ သားမက်လောင်း ဂျူလီယန် တို့ လက်ထပ်ပြီး သူတို့ကို ခွဲခွာသွားတော့မယ့်  အခြေအနေကို စိုးရိမ်နေရင်းနဲ့ပဲ ကမ္ဘာကြီးပျက်စီးလာမယ့် အန္တရာယ်ကို တားဆီးဖို့အတွက် မိတ်ဆွေတွေ အားလုံးနဲ့ စုပေါင်းပြီး မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကြီးကို စတင်ပါတော့တယ်။ ကမ္ဘာပျက်တာ သူတို့မပါဘူးလို့ ထင်နေတဲ့  ဒိုင်နိုင်ဆောငှက် မိသားစုကတော့ သူတို့ စစ်ဆင်ရေးကြီးကို ဖျက်စီးဖို့ ကြိုးစားရင်း ဖျံနီ ဘက်ခ်ကို လက်စားချေဖို့ ကြိုးပမ်းကြပါလိမ့်မယ်။ Ice Age ကားတွေရဲ့ ထုံးစံအတိုင်း ရယ်စရာ၊ ၀မ်းသာစရာ၊ ၀မ်းနည်းစရာတွေနဲ့ မိသားစုစိတ်ဓာတ် မိတ်ဆွေစိတ်ဓာတ်တွေကို ဇာတ်လမ်းကောင်းကောင်းနဲ့ ခံစားနိုင်မှာပါပဲ။
 File Size       : 675 / 330 Mb
Duration      : 1 hr 30 min
Quality         : Webdl 720
Translator   : Moe Myint Lwin
Encoder       : Littleneo
Download Link >>> http://adf.ly/1dt9Xh (675mb)
                                http://adf.ly/1dt9lX (330mb)

credit to - Channel Myanmar

** Princess Mononoke (1997) **


ပရိတ်သတ်ကြီးကို Studio Ghilbi ရဲ့animation ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။  Studio Ghilbi ဆိုတာနဲ့ သူ့ဆီကထွက်သမျှကားတွေအားလုံးအနုပညာအရည်အသွေးမြင့်မားရုံမက နိုင်ငံတကာမှာတန်းတစ်ခုရှိတဲ့ studio တစ်ခုကိုပြေးမြင်မိကြမှာပါ။

ဟုတ်ပါတယ် ခုလည်း Princess Momonoke ဆိုတဲ့ဇာတ်ကားလေးကိုပရိတ်သတ်ကြီးကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။

ဒီဇာတ်ကားဟာ 1997 ခုနှစ်ထွက်ဇာတ်ကားဆိုပေမဲ့သူ့ပေးတဲ့မက်ဆေ့ဟာခုခေတ်ခုချိန်ခါထိကိုလူသားတိုင်းကိုသတိပေးနေတုန်းပါပဲ။  IMDB 8.4/10 ရခဲ့တဲ့ဒီဇာတ်ကားဟာလူသားတွေရဲ့မဆင်မခြင်လုပ်ရပ်တွေကြောင့်အတိဒုက္ခရောက်ခဲ့ရတဲ့ တောနေသတ္တဝါတွေအကြောင်းရိုးရှင်းစွာရိုက်ကူးထားပေမဲ့ ခိုင်မာတဲ့ဇာတ်အိမ် ဇာတ်လမ်းဇာတ်ကွက်နဲ့ ဒီနေ့ခေတ်လိုသစ်တောတွေပြုန်းတီးနေတဲ့အခြေနေမျိုးကိုမီးမောင်းထိုးပြထားတာတွေ့ရမှာပါ။
လူသားတွေရဲ့အကျိုးစီးပွားတွေကြောင့်ပြုန်းတီးခဲ့ရတဲ့သစ်တောတွေဘယ်လောက်များပြီလဲ။ လူသားတွေနဲ့သစ်တောတွေကြားငြိမ်းချမ်းစွာအတူတကွနေထိုင်လို့မရဘူးလား။
ဒီပညာပေးဇာတ်ကားလေးကိုအပျင်းပြေပဲကြည့်ကြည့် စိတ်ဝင်စားလို့ပဲကြည့်ကြည့် ဘာကြောင့်ပဲကြည့်ကြည့် သင့်ရဲ့အချိန်တွေကိုဖြုန်းတီးမိတာမျိုးမဖြစ်စေရပါဘူး။

Translated & Review by /  Kyaw Zayar Myint
Encode by: Mg Moe Tain

Credit To - Gold Channel

Download Link >>> http://adf.ly/1dt8ZA (795mb)

** A Fox Tale (2011) **



ဒီတစ်ခါတော့Five Star Award ရရှိထားတဲ့ Fantasy အမျိုးအစား 3D Animation Short Film လေးကိုတင်ဆက်ပေးလိုက်ပါတယ်။
မြေခွေးဖမ်းတဲ့ညီအစ်ကိုနှစ်ယောက်ကို မြေခွေးမလေးက ပညာပြလိုက်တဲ့ဇာတ်လမ်းတိုလေးပါ။
ဒီဇာတ်လမ်းလေးထဲမှာတော့ပုရိသတွေသဘောကျစေမယ့်
မြေခွေးမလေးရဲ့ကောက်ကြောင်းကိုလည်း တွေ့ရမှာဖြစ်ပါတယ်󾌳
ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်နဲ့အတူ မှော်ဆန်တဲ့တိုက်ကွက်တွေကိုပါ ကြည့်ရှုခံစားရမှာပါ။
အားလုံးလည်းသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Download Link >>> http://adf.ly/1dlTl5 ( 58mb)

** The Wild Life (2016) **


လူသူမနီးတဲ့ ထူးခြားဆန်းပြားတဲ့ သုခဘုံ ကျွန်းငယ်လေးတစ်ခုပေါ်မှာ အင်္ဂါလို့ခေါ်တဲ့ဖော်ရွေတဲ့ငှက်လေးတစ်ကောင်ဟာ သူ့သူငယ်ချင်းတိရိစ္ဆာန်လေးတွေနဲ့ နေထိုင်ကြပါတယ်။ ဒါပေမဲ့ အင်္ဂါတစ်ကောင်ကတော့ ကမ္ဘာကြီးကိုရှာဖွေဖော်ထုတ်ဖို့ သူ့အိမ်မက်ကိုမစွန့်လွှတ်နိုင်ခဲ့ပါဘူး။ ပြင်းထန်လှတဲ့မုန်တိုင်းအပြီးမှာ အင်္ဂါနဲ့သူ့သူငယ်ချင်းတွေဟာ ကမ်းခြေမှာထူးဆန်းတဲ့ ရော်ဘင်ဆင်ခရူးဆိုးလို့ သတ္တ၀ါတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ အင်္ဂါကချက်ချင်းပဲ ခရူးဆိုးကိုသူကျွန်းပေါ်ကထွက်ခွာဖို့လမ်းစလို့မြင်ခဲ့ပြီး ခရူးဆိုးကလဲ အင်္ဂါနဲ့သူ့သူငယ်ချင်းတိရိစ္ဆာန်တွေကို ဒီကျွန်းပေါ်မှာအသက်ရှင်ဖို့အဓိကကျတယ်လို့မြင်ခဲ့ပါတယ်။ သို့ပေမဲ့ လူသားဆိုတာကိုမသိတဲ့ တိရိစ္ဆာန်တွေနဲ့နေရတာတော့ လွယ်ကူတာမဟုတ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ သူတို့အားလုံးအတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပါတော့တယ်။
တစ်နေ့မှာတော့ ကျွန်းကိုသိမ်းပိုက်ချင်တဲ့ ရက်စက်တဲ့ကြောင်နှစ်ကောင်နဲ့တွေ့ပြီး သူတို့ရဲ့ငြိမ်းချမ်းတဲ့ဘ၀လေးက အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ကြောင်တွေနဲ့ သူငယ်ချင်းတစ်စုအကြားတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး ခရူးဆိုးနဲ့ သူ့ရဲ့တိရိစ္ဆာန်တစ်စုတို့ဟာ မိတ်ဆွေစစ်တို့ရဲ့ စွမ်းအားအစစ်အမှန်ကိုရှာဖွေတွေ့ရှိခဲ့ပြီး အားလုံးကိုတွန်းလှန်လိုက်ပါတော့တယ်…။ ဇာတ်လမ်းအညွန်းနဲ.ဘာသာပြန်သူကတော. Myo Myint Maung ဖြစ် ပြီ ကွာလတီ ကောင်း ကောင်းနဲ့ ကြည့် ရ အောင် Encode ပေးတာက တော့ Than Htike ပဲဖြစ်ပါတယ် ...

Download Link >>> http://adf.ly/1dtC81 (777mb)
                                http://adf.ly/1dtCQ3 (421mb)

Credit To - Channel Myanmar
                                

** Mune: Guardian of the Moon (2014) **



IMDb 7.3 အထိရရှိထားတဲ့ ဇာတ်လမ်းကောင်းလေးပါ ။

ကနဦးသူရဲကောင်းအသီးသီးအားနဲ့  နေမင်းနဲ့လမင်းကိုသယ်ဆောင်၊
 နေ့နဲ့ည ရာသီဥတုတွေမျှတစွာဖြစ်ပေါ်နေရတဲ့ စိတ်ကူးယဉ်ကမ္ဘာငယ်လေး… …
နေမင်းနဲ့လမင်းကို အဆင့်ဆင့်လက်လွှဲစောင့်ရှောက်ခဲ့ရာမှ
 နေမင်းစောင့်ရှောက်သူအသစ် လမင်းစောင့်ရှောက်သူအသစ် ရွေးချယ်ပွဲကြီး… …
မမြော်လင့်ဘဲ အတွေ့အကြုံမရှိဘဲ လမင်းစောင့်ရှောက်သူဖြစ်လာရတဲ့
"မြူး"ဆိုတဲ့ကောင်လေးရဲ့အခက်အခဲများ… …
ဖခင်ရဲ့စကားကို နားမထောင် အရှုပ်အထွေးတွေကြားဝင်ပါခဲ့တဲ့
ဖယောင်းလူသား "ဂလင်း"ဆိုတဲ့ကောင်မလေး… …
မြေအောက်ကမ္ဘာမှာ နှစ်များစွာအကျဉ်းချခံပြီး နေမင်းကိုပြန်ခိုးယူဖို့ကြိုးစားနေတဲ့
"နက်ခရော့"ဆိုတဲ့ နေမင်းစောင့်ရှောက်သူဟောင်းရဲ့ အတိတ်ဘဝအမှန်နဲ့
မြေပေါ်ကမ္ဘာကို ပြန်လက်စားချေချင်နေတဲ့ သူ့အတ္တနဲ့အမုန်းမီးများ… …

အခိုးခံလိုက်ရတဲ့ နေမင်းကို နေမင်းစောင့်ရှောက်သူသစ် "ဆိုဟုန်း"၊
လုပ်သမျှအလွဲဖြစ်နေရတဲ့ သနားစဖွယ်လမင်းစောင့်ရှောက်သူသစ် ဇာတ်လိုက်ကောင်လေး"မြူး"နဲ့
စာအုပ်ကြီးသမား ဖယောင်းမလေး"ဂလင်း"တို့ ဘယ်လို ပြန်စွန့်စားရယူကြမလဲ
စိတ်ကူးယဉ်ကမ္ဘာလေးကို ဘယ်လိုတွေစောင့်ရှောက်သွားကြမလဲဆိုတာကို
အပြည့်အဝခံစားကြည့်ရှုရမယ့်  Adventure & Fantasyအမျိုးအစား 3Dကာတွန်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် …

(အညွှန်းနဲ့ဘာသာပြန်ကတော့ ကို Phyo Minn Aung ပါ )

Download Link >>>  http://adf.ly/1daslx (531mb)

** World of Tomorrow (2015) **























Rotten Tomatoes မှာ 100% အပြည့်အဝရထားတဲ့
Oscar တန်းဝင် SciFi/Drama အမျိုးအစား ဇာတ်လမ်းတိုလေးပါ။
မနက်ဖြန်ဟာဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး
ဒါမှလဲ လူ့ဘဝဟာ မျှော်လင့်ချက်တွေနဲ့ အဓိပ္ပါယ်ရှိနိုင်မှာ မဟုတ်ပါလား
ဒီဇာတ်လမ်းလေးထဲက အမ်မလီဆိုတဲ့ကလေးမလေးကတော့ မနက်ဖြန်မှာဘာဖြစ်လာမယ်ဆိုတာ ကြိုသိနေပါတယ် ။
၁၇မိနစ်ပဲရှိတာမို့လို့ အညွှန်းကိုသိပ်မပြောတော့ဘူးဗျာ
ကြည့်ကြည့်လိုက်ပါ…
ရင်ထဲမှာတစ်ခုခုတော့ကျန်ခဲ့မှာ အသေအချာပါပဲ :-)

( ဒီကားလေးကိုတော့ ကိုPhyo Minn Aung က ဘာသာပြန်တင်ဆက်ပေးထားပါတယ် )

Download Link >>> http://adf.ly/1dacMT (72mb)

 
Menu :
Featured
Featured
Most Popular

Recent Posts

Labels

Copyright 2010 MM Cartoon Collection - All Rights Reserved.
Designed by MZMDownloader | Bloggerized by MZM