• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

** Pokemon : The First Movie (1998) **




ပိုကီမွန်​လို့​ခေါ်တဲ့ ချစ်​စရာအ​ကောင်​​လေး​တွေဟာ Animie ပုံစံနဲ့ ပိတ်​ကား​ပေါ်ကို ​ရောက်​ရှိလာခဲ့ပြီးနောက်ပိုင်း  ​ဗီဒီယိုဂိမ်း၊ တီ​ဗွီကာတွန်း နဲ့ ကာတွန်းစာအုပ်​​တွေအပြင်​ အရုပ်​​လေး​တွေထုတ်​လုပ်​​ရောင်းချရသည်​အထိ လူကြိုက်​များလာခဲ့ပါတယ်။
IMDbမှာလည်း 5.9 ရရှိထားပါတယ်။

စိတ်​ကူးယဉ်​ဆန်​တဲ့ တခြား​သောစကြဝဋ္ဌာကြီးထဲမှာ ပိုကီမွန်​အမျိုး​ပေါင်း ၁၅၁မျိုးရှိပြီး တစ်​​ကောင်​ချင်းစီမှာ သူမတူတဲ့ စွမ်းရည်​ကိုယ်​စီရှိကြပါတယ်​။

လူသား​တွေဟာ ပိုကီမွန်​​တွေကိုဖမ်းပြီး ​လေ့ကျင့်​​ပေးကြပါတယ်​။ ထိပ်​တန်း​လေ့ကျင့်​​ပေးသူ​တွေဟာ ပိုကီမွန်​အချင်းချင်းဖမ်းပြီး ဘယ်​လို​လေ့ကျင့်​​ပေးရမလဲဆိုတာကိုပါ သင်​​ပေးနိုင်​ကြလို့ ပိုကီမွန်​သခင်​​တွေ ဖြစ်​လာကြပါတယ်

ပိုကီမွန်​သခင်​​တွေထဲမှာ အက်​ရှ်​ ကက်​ချန်​ ဟာလည်း တစ်​​ယောက်​အပါအဝင်​ဖြစ်​ပါတယ်​။ သူ့သူငယ်​ချင်း မစ်​စတီ၊ ဘရွက်​တို့နဲ့အတူ ဇီဝနည်းပညာအရလူသား​တွေဖန်​တီးလိုက်​တဲ့ မြူ နှစ်​လို့​ခေါ်တဲ့ စွမ်းအားကြီိးမားတဲ့ ပိုကီမွန်​ နဲ့​တွေ့ဆုံခဲ့ကြပါတယ်​။

ပုံတူပွားခြင်းခံခဲ့ရ​ပေမယ့်​ မူရင်း​တွေထက်​ သာလွန်​​ကြောင်းပြချင်​တဲ့ မြူ နှစ်​နဲ့ အက်​ရှ်​တို့ရဲ့ သူမတူတဲ့ပိုကီမွန်​ တိုက်​ပွဲမှာ ဘယ်​သူက အနိုင်​ရရှိမလဲဆိုတာ Pokemon: The First Movie မှာ ကြည့်​ရှုခံစားလိုက်​ပါ။

(အညွှန်းနဲ့ဘာသာပြန်ကို Nyein Thiri Lwin ရေးပေးထားပါတယ် )

Download Link >>> http://adf.ly/1dtwFs (350mb)

0 comments:

 
Menu :
Featured
Featured
Most Popular

Recent Posts

Labels

Copyright 2010 MM Cartoon Collection - All Rights Reserved.
Designed by MZMDownloader | Bloggerized by MZM