ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်..... လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian villageလို့ခေါ်တဲ့ ၇ွာလေးတစ်ရွာမှာ ဆွေစဉ်မျိုးဆက်ချမ်းသာလာပြီး အထည်ကြီးပျက်ဘ၀ကိုေ၇ာက်ရှိတော့မဲ့လူကုန်ထန်မိသားစုတစ်စု..... ပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအ၀ိုင်းကမဟုတ်တဲ့ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှ တစ်ဦးတည်းသောသားလေး Victa... မိသားစုနှစ်ခုရဲ့လိုအပ်နေတဲ့ ကွက်လပ်ကိုယ်စီကိုဖြည့်ဖို့ရန် တစ်ယောက်ကိုတစ်ယောက် တစ်ခါမှမမြင်ဖူးကြတဲ့ VIctoria နဲ့ Victaတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အစမ်းလေ့ကျင့်တဲ့အခမ်းနားလေးနဲ့ ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ်...... ဒါမဲ့ မိဘတွေအတင်းပေးစားလို့ယူရမှာဖြစ်ပြီး....တစ်ခါမှမမြင်ဖူးတဲ့သူကို လက်ထပ်ချင်စိတ်မရှိတဲ့ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးတွေ့ရှိသွားကြတဲ့အခါ....Victa တစ်ယောက် လက်ထပ်ပွဲRehersalမှာအယောင်ယောင်အမှားမှားဖြစ်စေခဲ့ပြီး လက်ထပ်ပွဲအစမ်းလေ့ကျင့်မှုကို သေချာလုပ်ဆောင်နိုင်မှ မဂ်လာပွဲကျင်းပရတော့မဲ့အဖြစ်ရောက်သွားခဲ့ပါတယ်….
အစမ်းလေ့ကျင့်မှုကိုသေချာလေ့ကျင့်ဖို့ တောထဲကိုပြေးထွက်သွားကာ တစ်ယောက်တည်းလေ့ကျင့်နေချိန် သူလေ့ကျင့်နေတဲ့ လက်ထပ်ခွင့်စကားကြောင့် ချစ်သူပြန်အလာကိုမျှော်နေရင်းသေဆုံးသွားတဲ့ Amali မိန်းကလေး သေရာမှနိုးထလာတဲ့ အခါ..Victaတစ်ယောက် Amaliနဲ့လက်ထပ်လိုက်ရပြီး သရဲတွေနေတဲ့နေရာသို့ ဘုမသိဘမသိပါသွားရရှာပေါတော့တယ်... တစ်ဖက်မှာလည်းချစ်သူပြန်အလာကိုမျှော်နေရှာတဲ့ Victoriaတစ်ယောက်.... Victaပြန်မလာတာနဲ့ အရန်သင့်သူ့နေရာကိုအစားထိုးပြီး...Victoriaမိသားစုရဲံ စည်းစိမ်တွေကိုလိုချင်နေတဲ့ သူကလည်းအခွင့်အရေးကို စောင့်မျှော်နေပါတယ်.....
အဲ့လိုအရန်သင့်စောင့်နေတဲ့သူရဲ့ချစ်သူကတော့ Victaဘုမသိဘမသိလက်ထပ်လိုက်ရတဲ့ သေရွာက မင်းသမီးလေးAmaliပါ.... အဲ့ဒီသူဟာ Amaliကို လက်ထပ်မယ်လို့ပြောပြီး သူ့မှာပါလာတဲ့စည်းစိမ်တွေယူကာ ၀က်သစ်ချပင်ရင်းအောက်မှာစောင့်ခိုင်းခဲ့ရာကနေ အမ်မလီတစ်ယောက်သေဆုံးသွားခဲ့ရပါတယ်..... အချစ်ရဲ့စွန့်ပစ်ခြင်းကို ခံရရှာပြီး အချစ်ငတ်နေတဲ့ AmaliလေးVictaနဲ့တွေ့ရှိကာ သံယောဇဉ်နှောင်ကြိုးတွယ်ငြိသွားမှာလား........? Victaကကော Amaliကိုပြန်ချစ်နိုင်ပါ့မလား.....ဒါမှမဟုတ် လူ့ဘ၀ကသူချစ်ခဲ့တဲ့ ချစ်သူလေးVictoriaဆီကိုပြန်လာနိုင်အောင်ကြိုးစားမှာလား....? Victoriaကကော သူ့မိဘစည်းစိမ်ချမ်းသာကိုမက်ပြီးသူ့ကိုအတင်းလက်ထပ်ချင်နေတဲ့ သူနဲ့ လက်ထပ်လိုက်ရတော့မှာလား...?စတဲ့စိတ်ဝင်စားစရာ လေးပွင့်ဆိုင်ချစ်ဇာတ်လမ်းလေးကိုတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုခံစားကြည့်ရအောင်စို့လားခင်ဗျာ….
(ဇာတ်လမ်းအညွှန်းကို ကိုဝေသူရိန်ကရေးပေးထားပြီး ကိုညီသံလွင်က ဘာသာပြန်ပေးထားပါတယ် )
(ဇာတ်လမ်းအညွှန်းကို ကိုဝေသူရိန်ကရေးပေးထားပြီး ကိုညီသံလွင်က ဘာသာပြန်ပေးထားပါတယ် )
Download Link >>> http://adf.ly/1ccj8X
credit to - Channel Myanmar





