• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

** Home (2015) **


ကာတွန်းကားဆိုတာ ကြည့်တဲ့သူတိုင်းကို ပျော်ရွှင်မှုပေးနိုင်ပါတယ် .. ကလေးတွေအတွက် Target ထားထားတာမို့ လို့  ကာတွန်းကားအားလုံးနီးပါးက Happy Ending လေးတွေနဲ့ ပါ .. ကာတွန်းကားလေးတွေက ၀မ်းနည်းစရာတွေကို မေ့ပျောက်စေနိုင်ပြီး ကြည်နူးပျော်ရွှင်စရာလေးတွေကို အမြဲယူဆောင်လာပေးနိုင်စွမ်း ရှိပါတယ် ...
.
.ကာတွန်းကားကောင်းတစ်ကားဆိုတာ ပျော်ရွှင်ကြည်နူးမှုအပြင် ဘ၀သင်ခန်းစာတွေရော ၀မ်းနည်းဝမ်းသာရသပေါင်းစုံကိုပါ ပေးနိုင်စွမ်းရှိတဲ့ ဇာတ်ကားတစ်ကားပါ .. ကလေးတွေတင်မဟုတ်ပဲ လူငယ်တွေကြားထဲထိပါ အောင်မြင်ခဲ့တဲ့ကာတွန်းကားကောင်းတွေ အများကြီးပါ .. Finding Nemo, Toy Story, WALL•E, Up, Dispicable Me, Frozen စသည်စသည်ဖြင့် အများကြီးပါ .. ပြီးခဲ့တဲ့နှစ်က Big Hero 6 အောင်မြင်မှုကို မှတ်မိကြဦးမှာပါ .. တစ်ကားလုံးလည်း ရယ်ရတယ် .. ၀မ်းနည်းရတဲ့အခန်းလေးတွေဆိုလည်း နင့်နေအောင် ခံစားတယ် .. သင်ခန်းစာတွေလည်း အများကြီး ရခဲ့ကြပါတယ် ...
.
.အခု Home ဆိုတဲ့ကာတွန်းကားလေးကလည်း အားလုံးရဲ့ ရင်ထဲကို ရောက်ဦးမယ့် ကာတွန်းကားကောင်းလေးတစ်ကား ဖြစ်လာဦးမယ်ဆိုတာ ကျွန်တော် ပြောရဲပါတယ်
.
.
.Boov လို့  ခေါ်တဲ့ ခြေထောက် 6 ချောင်း, အရပ်ပုပုနဲ့  ချစ်စရာ ခရမ်းရောင်ဂြိုဟ်သားမျိုးနွယ်စုလေးက သူတို့ ရဲ့ ရန်သူဂြိုဟ်သားတွေဆီကနေ အမြဲတမ်း ပြေးရှောင်နေကြရတဲ့သူတွေပါ .. နောက်ဆုံးမှာ သူတို့ ရန်သူ ရှာမတွေ့ နိုင်လောက်တဲ့ဂြိုဟ် 'ကမ္ဘာ' ကို တွေ့ သွားတော့ လူတွေကို အကုန်ဖမ်းပြီး ကမ္ဘာကို သိမ်းပိုက်လိုက်ပါတော့တယ် .. Tip လို့ ခေါ်တဲ့ကောင်မလေးတစ်ယောက်ပဲ သူ့ ရဲ့ ကြောင်လေးနဲ့ အတူ တိမ်းရှောင်နိုင်ခဲ့ပါတယ် .. တစ်ချိန်ထဲမှာပဲ Oh လို့  ခေါ်တဲ့ Boov ဂြိုဟ်သားလေးကလည်း သူ ခဏခဏ အမှားလုပ်မိပြီး အားလုံးဒုက္ခရောက်ကြလွန်းလို့  တစ်ဂြိုဟ်လုံးက သူ့ ကို ဖမ်းမိန့် ထုတ်ထားတာမို့  ရှောင်ပြေးနေရသူပါ .. မထင်မှတ်ပဲ သူတို့  2 ယောက် ဆုံတွေ့ ကြတဲ့အခါမှာ Tip ကလည်း သူ့ အမေကို လိုက်ရှာဖို့ အတွက် Oh ကလည်း လိုက်ဖမ်းနေတဲ့သူတွေလက်က လွတ်ဖို့ အတွက် 2 ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကူညီရဖို့  အကြောင်းဖန်လာပါတော့တယ် ... Tip တစ်ယောက် သူ့ အမေကို ပြန်တွေ့ ပါ့မလား .. Oh ကရော အားလုံးလက်က လွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာတော့ စောင့်ကြည့်ကြပါဦးလို့ 
.
.Tip အဖြစ် Rihanna က အသံသရုပ်ဆောင် ပါဝင်ထားပြီး Oh အဖြစ်ကတော့ The Big Bang Theory ထဲက ဟာသသရုပ်ဆောင် Jim Parsons က ကြိုးစားထားပါတယ် .. Tip ရဲ့ အမေအဖြစ် Jennifer Lopez လည်း ပါပါသေးတယ် .. ဇာတ်ဝင်တေးလေးတွေက ဇာတ်ကားနဲ့  အရမ်းလိုက်ဖက်လွန်းပါတယ် ...
အားလပ်ရက်မှာ ပေါ့ပေါ့ပါးပါးရယ်ချင်လို့ ပဲ ဖြစ်ဖြစ် မောင်နှမသူငယ်ချင်းတွေနဲ့ အတူတူကြည့်ဖို့ ပဲဖြစ်ဖြစ် ဒီ Home ဆိုတဲ့ ကာတွန်းကားကောင်းလေးကို ညွှန်းပေးပါရစေဗျ။
(ဇာတ်လမ်းအညွှန်းကို Channel Myanmar မှ ကူးယူဖော်ပြသည် )

Download Link ၂ မျိုးလုံးနဲ့တင်ပေးထားပါတယ်
Download 1.2 GB
http://adf.ly/1cclZM
Dowload 380MB
http://adf.ly/1cclZM

Credit to - ချမ်းငြိမ်း(မှော်ဝန်း)

 
Menu :
Featured
Featured
Most Popular

Recent Posts

Labels

Copyright 2010 MM Cartoon Collection - All Rights Reserved.
Designed by MZMDownloader | Bloggerized by MZM