• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

** Monkey King: Hero Is Back **


နာမည်မြင်တာနဲ့ စွန်းဝူခုန်းမှန်း သိကြမယ်လို့ထင်ပါတယ်ဗျ... ဟုတ်ပါတယ်.. 2015 July 10 ရက်နေ့ကမှ ရုံတင်ထားတဲ့ ၀ူခုန်း ကာတွန်းကား အသစ်စက်စက်ပါ... Kung fu panda 2 ကိုတောင် ကျော်ပြီး ၀င်ငွေအများဆုံးကာတွန်းအဖြစ်နဲ့ အသိအမှတ်ပြုခံထားရပါတယ်ဗျ..
IMDb rating 7.8 ရရှိထားပြီး ဟိုအရင် ၀ူခုန်းဇာတ်လမ်းတွေနဲ့ မတူအောင် ခွဲထွက်ပြီး ရိုက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်.. လူသားပိုဆန်ပြီး ပိုနွေးထွေးအောင် ဖန်တီးထားတယ်လို့ ထင်ပါတယ်...
ဒီဇာတ်ကားမှာ ထူးခြားတာတစ်ခုက စွန်းဝူခုန်းရဲ့ ဆရာဘုန်းကြီးဟာ.. ကျမ်းစာသယ်မယ့် ကိုယ်တော်မဟုတ်ဘဲ.. စကားအလွန်များပြီး အမေးအမြန်းထူလွန်းတဲ့ မိဘမဲ့ ကိုရင်ငယ်လေးဖြစ်နေတာပါပဲဗျ.. ရန်သူတွေကိုပဲ သတ်ပုတ်နေတဲ့ character မဟုတ်ဘဲ အကျဉ်းချခံထားရာက လွတ်ပေမယ့်.. အမိန့်တော်ခတ်နှိပ်ထားတာ လုံးဝမလွတ်ကင်းသေးတဲ့အတွက် သာမန်မျောက်ထက် အနည်းငယ်သာ ပိုစွမ်းတဲ့ anti-hero character နဲ့ ဇာတ်လမ်းဆင်ထားပါတယ်...
အဲဒါကြောင့် ၀ူခုန်းဆိုပြီး အကြမ်းအရမ်း အသတ်အပုတ် သိုင်းကွက်များနဲ့ ကြည့်ချင်သူများအတွက်တော့ အဆင်မပြေနိုင်ပါဗျ.. ဒါပေမယ့် တခြားကားတွေနဲ့မတူ တန်ခိုးရှင်ပုံစံပျောက်ပြီး ၀ူခုန်းရဲ့ တွေ့ရခဲတဲ့ လူသားအဆန်ဆုံး ၊ နွေးထွေးပျော့ပျောင်းဆုံး ပုံစံကို မြင်တွေ့ခံစားရမှာပါ...
ဇာတ်လမ်းအကျဉ်းကတော့ ၀ူခုန်းကို လွှတ်ပေးမယ့် သူ့ဆရာဘုန်းကြီးပေါက်စလေးဟာ ငယ်စဉ်ကတည်းက မိစ္ဆာတွေကြောင့် မိဘမဲ့ဖြစ်ခဲ့ရပြီး လေလွင့်နေတဲ့ ဘုန်းကြီးတစ်ပါးက ကောက်ယူမွေးစားခဲ့တာပါ... တနေ့မှာ သူတို့ရဲ့ရွာကို မိစ္ဆာတွေဝင်ပြီး ကလေးတွေကို ဖမ်းတဲ့အခါ ၀င်ပြီးကူညီပေးရင်းနဲ့ အမှတ်မထင် ၀ူခုန်းအချုပ်ခံထားရတဲ့ ဂူထဲရောက်ပြီး လွှတ်ပေးမိသွားတာပါ... အစွမ်းတွေရုပ်သိမ်းခံထားရလို့ စိတ်ပျက်နေတဲ့ ၀ူခုန်းနဲ့... ကလေးပီပီ အင်မတန်စကားများပြီး တရစပ် မေးခွန်းထုတ်တတ်တဲ့ ဘုန်းကြီးငယ်လေးဟာ ရွာကို ပြန်ရင်းနဲ့ လမ်းမှာ ထောင်ချောက်ဆင်ဖမ်းဆီးခံရပါတယ်...
အစွမ်းထက်တဲ့ မိစ္ဆာရဲ့လက်ထဲကနေ ကလေးတွေနဲ့ ဘုန်းကြီးငယ်လေးကို စိတ်ပဲရှိပြီး အရင်လို မစွမ်းဆောင်နိုင်တဲ့ ၀ူခုန်းက ဘယ်လိုကယ်ထုတ်မလဲ... ကြမ်းတမ်းမောက်မာတဲ့ ၀ူခုန်းကို ဘယ်လိုအကြောင်းတွေကြောင့် ပြောင်းလဲသွားစေလဲဆိုတာကိုတော့.....
( ရုပ်ရှင်အညွှန်းနှင့်မြန်မာစာတန်းထိုးကိုတော့ ကိုညီသံလွင်မှတင်ဆက်လိုက်ပါတယ် )


Download Link >>> http://adf.ly/1cckhs

credit to - Channel Myanmar

 
Menu :
Featured
Featured
Most Popular

Recent Posts

Labels

Copyright 2010 MM Cartoon Collection - All Rights Reserved.
Designed by MZMDownloader | Bloggerized by MZM