• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

** Norm Of The North (2016) **


ကလေး၊ လူကြီးမရွေး သဘောကျမယ့် စွန့်စားခန်းသရီး ဒီအန်နီမေးရှင်းဇာတ်ကားသစ်လေး ထွက်လာပြန်တာကြောင့် ပရိသတ်တွေအကြိုခံစားကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဝင်ရိုးစွန်းဝက်ဝံ (ပိုလာဝက် ဝံ)တစ်ကောင်ဖြစ်တဲ့ နောမ်ဟာ ဘယ်လိုအမဲလိုက်ရတယ်ဆိုတာ မသိတဲ့ ဝက်ဝံတစ်ကောင်ဖြစ်ပြီးသူ့မှာရှိတဲ့သူမတူတဲ့စွမ်းရည်တစ်ခုကတော့လူတွေလိုစကား ပြောတတ်တာပဲ
 ဖြစ်ပါတယ်။သူတို့ရဲ့ အာတိတ်ဒေသကို လူတွေလာလာပြီး လေ့လာကြတဲ့ အခါမှာ နေစရာ၊ တည်းခိုစရာမရှိ တဲ့အတွက် အိမ်ခြံမြေလုပ်ငန်းရှင် တစ်ယောက်က အပန်းဖြေအိမ် တွေ၊ ကွန်ဒိုတွေ ဆောက်လုပ်ဖို့ကြံစည်နေတဲ့အတွက် အာတိတ် ဒေသက တိရစ္ဆာန်တွေတိုင်ပင်ပြီး အဲဒီလုပ်ငန်းရှင်သူဌေးရှိတဲ့ နယူး ယောက်ကို နောမ်ကိုလွှတ်ပြီး တားဆီးခိုင်းဖို့လုပ်ခဲ့ပါတယ်။
အိမ်ခြံမြေသူဌေး မစ္စတာ ဂရင်နီကြောင့် မွေးရပ်မြေပျက်စီး ကိန်းဆိုက်နေတဲ့အတွက် နောမ် ဟာ ဗြောင်းဆန်အောင်ဆော့တဲ့ သူ့မိတ်ဆွေ လမ်မင်ကြွက်ကလေး သုံးကောင်ကို အဖော်အဖြစ်ခေါ် ပြီး သင်္ဘောကြီးနဲ့ နယူးယောက်ကို လိုက်သွားခဲ့ပါတယ်။အာတိတ်ဒေသနဲ့ ဆန့်ကျင် ဘက်မြင်ကွင်းတွေရှိတဲ့ နယူး ယောက်မှာ နောမ်တို့ခြေချမိတဲ့ အခါ ကြုံရတဲ့အလွဲလွဲအမှားမှား လေးတွေကလည်း ပရိသတ်တွေ ကို ရယ်ရွှင်ကြည်နူးမိစေမှာပါ။ နောမ်ဟာ အဲဒီအိမ်ခြံမြေကော်ပို ရေးရှင်းရဲ့ လာဘ်ကောင်အဖြစ် ဝင်လုပ်ခဲ့ပြီး အာတိတ်ဒေသကိုအဖျက်အမှောင့်လုပ်မယ့်သူဌေးရဲ့အစီအစဉ်တွေကိုတိတ်တဆိတ်စုံစမ်းခဲ့ပါတော့တယ်။
လုပ်ငန်းခွင်ထဲရောက်နေတဲ့ နောမ်က အာတိတ်ဒေသ ပျက်စီးမယ့် အရေးကို တားဆီးနိုင်မှာလားဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ Ice Age ဇာတ်လမ်းလိုမျိုးလေးပဲဖြစ်လို့ ဒီမှာကော ဘယ်လိုအထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားသလဲဆိုတာ မြည်းစမ်းကြည့် ဖို့ တိုက်တွန်းလိုက်ပါတယ်။ တ၀ါးဝါးတဟားဟားနဲ့ ဘ၀င်ကျစရာ မိသားစုနဲ့ အတူကြည့်ဖို့ သင့်တော်တဲံကားမျိုးပါ.။

Credit to -7day Daily
Encode by:Mg MOe Tain

Download Link  >>> http://adf.ly/1bkFOx (700mb)
Download Link >>>  http://adf.ly/1bw4oo (420mb)

Credit To - Gold Channel

0 comments:

 
Menu :
Featured
Featured
Most Popular

Recent Posts

Labels

Copyright 2010 MM Cartoon Collection - All Rights Reserved.
Designed by MZMDownloader | Bloggerized by MZM