Jack Frost လို့ခေါ်တဲ့ နှင်းကိုဖန်ဆီးနိုင်တဲ့နတ်ကလေးဟာ သူ့ကို လူတွေက မထိ မမြင် မကြားနိုင်သလို သူ ဘယ်လိုကြောင့် ဒီဘဝ ရောက်လာရတယ်ဆိုတာလဲ သူမသိပါဖူး
နောင် နှစ်ပေါင်း(၃၀၀)ကြာပြီးတဲ့နောက် မြောက်ဝင်ရိုးစွန်း တနေရာမှာ Santa Claus ကြီးဟာ အမှောင်နတ်ဆိုး ဖြစ်တဲ့ Boogeyman တယောက် ကလေးတွေကို ဒုက္ခပေးမှာကို စိုးရိမ်နေပါတယ်။ ဒါကြောင့် ဒီအန္တရယ်ကို ကာကွယ်ပေးဖို့အတွက် သွားနတ်ဖြစ်တဲ့ Tooth Fairy၊ အီစတာယုန်ဖြစ်တဲ့ Easter Bunny၊ ကလေးတွေကို အိပ်မက်ကောင်းမက်စေတဲ့ Sandman၊ တို့ကို ဆင့်ခေါ်လိုက်ပါတယ်။ သူတို့နဲ့တူတူ Jack Frost နတ် အသစ်စက်စက်လေးကို ပူးပေါင်းဖို့ခေါ်လိုက်ပါတယ်။ သူတို့တွေ အန္တရာယ်မျိုးစုံနဲ့ကို ကြုံခဲ့ရပြီး အမှောင်နတ်ဆိုးကို ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းကြသလဲ ဆိုတာ….။





